ခွန်အားဖြည့်မိငယ်-lyrics

နေဝင်ညကို ကူးဖြတ်ပြီးမှ

ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်

ယုံကြည်ခြင်းနဲ့ကျိုးစားထားမှ တစ်ချိန်မှာ

အောင်မြင်လွတ်မြောက်မယ်မဟုတ်လား

သံသရာလမ်းဟာ မချောမွေ့တတ်တော့

တာဝန်ကိုယ်စီ အားတင်းရှေ့ဆက်လှမ်း

အရှုံးမပေးနဲ့ မိငယ်ရေ

ရဲရင့်မှ ကျော်ဖြတ်သွား

အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ

တကယ် ကိုယ်ကျိုးစွန့်နိုင်မှ

ဒီရေလှိုင်းတွေ တစ်ရိပ်ရိပ်တက်တော့

ပင်လယ်ပြင်ဟာ လှုပ်ခတ်ရစမြဲလေ

အန္တရာယ်ဓါးတွေ အထပ်ထပ်ရှေ့က

ကာရံကွယ်၍ တားဆီးနေပါစေ

ဉာဏ်မြေကတုတ်မှာ စွမ်းအားသတ္တိ

တမံဆိုသည့် သတိတရားနဲ့ မမေ့နဲ့ဦး

အရှုံးမပေးနဲ့ မိငယ်ရေ

ရဲရင့်မှ ကျော်ဖြတ်သွား

အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ

တကယ် ကိုယ်ကျိုးစွန့်နိုင်မှ

MUSIC

အရှုံးမပေးနဲ့ မိငယ်ရေ

ရဲရင့်မှ ကျော်ဖြတ်သွား

အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ

တကယ် ကိုယ်ကျိုးစွန့်နိုင်မှ

နေဝင်ညကို ကူးဖြတ်ရဲမှ

ရောင်နီသာတဲ့ နေ့သစ်ကိုရမယ်

ယုံကြည်ခြင်းနဲ့ကျိုးစားထားမှ တစ်ချိန်မှာ

အောင်မြင် လွတ်မြောက်နိုင်မယ်လေ

သံသရာလမ်းဟာ မချောမွေ့တတ်တော့

ရင်ဆိုင်ရန် ခွန်အားဖြည့်မိငယ်ရေ

သံသရာလမ်းဟာ မချောမွေ့တတ်တော့

ရင်ဆိုင်ရန် ခွန်အားဖြည့်မိငယ်ရေ

သံသရာလမ်းဟာ မချောမွေ့တတ်တော့

ရင်ဆိုင်ရန် ခွန်အားဖြည့်မိငယ်ရေ

သံသရာလမ်းဟာ မချောမွေ့တတ်တော့

ရင်ဆိုင်ရန် ခွန်အားဖြည့်မိငယ်ရေ