စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် - ကော်နီ - lyrics

►မေခနဲ့မလိခဆုံစီးဆင်းရာ


ဂျိမ်းဖောတို့ရှိတဲ့ဌာနေ

တနယ်စီခြားနေလည်း ရင်မှာအမြဲတည်ဆဲ

စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်



►ဖားစည်သံနားထဲ ချိုပျံ့လွင့်လာ


ချစ်ညီအကိုတို့ ဇွဲကပင်မြေ

ဘယ်သူခွဲမှာလဲ အခိုင်အမာလက်တွေနဲ့

ငြိမ်ချမ်းခြင်းအတွက်သီချင်းတပုဒ်ရှိနေမယ်

ငြိမ်ချမ်းခြင်းအတွက်သီချင်းတပုဒ်ရှိနေမယ်


သွေးချင်းညီအကိုများစည်းလုံးခြင်းရဲအင်အား


သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးအတိုင်း စီးဆင်းသွားမယ်

သီချင်းလေးအတိုင်း စီးဆင်းသွားမယ် ဟေ့♪



► မိုးပြာတောင်တန်းကြီးရဲ့မောရှမ်းမြေ


အိုးစည်သံ မိုးထက်ညံနေ

တောင်ပေါ်သားတွေနဲ့မြေပြန့်သား တို့မခွဲ

စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်



►ရာမညလို့တွင်ခဲ့တဲ့ မွန်တို့ရဲ့မြေ


ယဉ်ကျေးမှုအစ ဖြစ်တည်တယ်လေ..

ညီညွတ်ခြင်းတွေနဲ့ ခိုင်ခိုင်မြဲမြဲစေမယ့်

စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်

စည်လုံးခြင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်


♪သွေးချင်းညီအကိုများ


စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းသွားမယ်

သီချင်းလေးအတိုင်း စီးဆင်းသွားမယ် ဟေ့♪



►လှမ်းကြည့်ရင်မဆုံးတဲ့ တောင်းတန်းအလှပေါ်


တောင်ဇလပ်ပွင့်တို့အလှ သက်သေလေ

အောက်ချင်းမောင်နှံငှက်ဆိုထားသစ္စာကြောင့်

စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်



►ရှုဆုံးမဝနိုင်တဲ့ သောင်ကမ်းအလှမြေ


ရခိုင်သားတို့ မွေ့ပျော်တယ်လေ

အမောအပန်းဖြေ ခွင့်အတွက်ကွယ်

အေးချမ်းစွာရှိဖို့

စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်

ငြိမ်းချမ်းခြင်းအတွက်

သီချင်းတစ်ပုဒ်ရှိနေမယ်


♪သွေးချင်းမောင်နှမများ


စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့♪



►ဘီလူးချောင်းကပေးတဲ့ အင်အားကြောင့်လေ


စည်းလုံးခြင်းအတွက် အလင်းတန်းဖြစ်ပေါ်နေ

တန်ဖိုးဖြတ်ရင်မရတောတဲကယားတို့မြေဖြစ်ဖို့

စည်လုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်

ကချင် ကယား ကရင် ချင်းမွန်ဗမာရခိုင် ရှမ်း

ညီညွတ်နေတဲ့ ခိုင်မြဲတဲ့လက်များ

ပြည်ထောင်စုကြီး အမြဲတမ်းရှိနေမယ်



♪သွေးချင်းမောင်နှမများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

♪ဟေ့သွေးချင်းမောင်နှမများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းသွားမယ်

♪သွေးချင်းမောင်နှမများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ်အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းသွားမယ်

သီချင်းလေးအတိုင်း စီးဆင်းသွားမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့♪


►◄►◄End►◄►◄