အလိုမရှိ-lyrics

တစ်ယောက်ထဲ ခံစားနေရမယ် အမေ့သားတွေသမီးတွေ လက်တွေပြ ......

ပုခုံးပေါ်ထမ်းတင်ထားတဲ့ အမေ့စကားတွေ နားထဲကြားနေရ ......

ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့်စိတ်ကိုထား .....

တစ်ယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့တံခါးများပွင့်မှာပါ .....

သစ်တစ်ပင်ကောင်းမှ ငှက်တစ်သောင်းလုံးနားလို့ရမှာ

အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ .....

သံပုံးတွေအရှေ့မှာချ တစေတစ်ယောက်လိုမောင်းထုတ်သွားမှာပါ ......

အနိုင်ရရင် က ချင်ကမယ် အနိုင်မရခင်သွေးတွေရဲနေမှ .....

ပိတ်ထားတဲ့နားတွေက အကုန်လုံးအော်ပြောမှကြားမှာပါ ...

( အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ အလိုမရှိ

ပြည်သူတွေကန့်ကွက်ကြမယ် အလိုမရှိ အလိုမရှိ

သံပုံးတွေတို့အတူတီး အမှန်တရားအတွက်ရဲရင့် ဖို့လိုပြီ )၂

ဆနဖော်ထုတ်ကြမယ် အမှန်တရားဘက်မှာငါတို့ရပ်တည်ပြီ

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ ....................

(ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး) ၂

( သပိတ်သပိတ် မှောက်မှောက်)၂

(ရုံးမတက်နဲ့ ရုန်းထွက်)၂

(အရေးတော်ပုံ အောင်ရမည်)၃